Friday 10 February 2017

FIRMWARE တင်ရင် Dead မသွားအောင်တင်နည်း

Software' ရေးရာမှာ Dead' မသွားအောင် ဘယ်လို လုပ်မလဲ
=============================
#ကြိုပြောပါရစေ ဆရာမဟုတ်ပါ
စေတနာနဲ့ သိတာလေး ပြောကြည့်တာပါ
#Arkar
#Software ရေးတာ Dead မသွားအောင် ဘယ်လို လုပ်မလဲ ????
#ဟုတ်ပြီ ကျွန်တော့ ဒီနေ့အတွေ့အကြုံလေး အရင် စပြောကြည့်မယ်
အောက်ပုံထဲက OSE 7s -3G Tablet Logo ပြီး လာတယ်ပေါ့
HD ထဲ Girmware ရှာကြည့်တော့ 9s အတွက်ပဲရှိတယ်
ဒါနဲ့ 7s Firmware Down ရမယ်ပေါ့
#Facebook မှာ 7s firmware ကောက်ရှာလိုက်တယ် တွေပါပြီ
Sithu Mobile က တင်ထားတဲ့ Backup Firmware
#ဒါနဲ့ အကျင့်ကဖစ်နေတော့ Commant ဝင်ကြည့်မိတယ်
#ခုFirmware ကို Down ပီး တင်လိုက်တာ Dead သွားလို့တဲ့ Backup Firmware တောင်ြ့ပန်တင်လိှု့ မရတော့ဘူးတဲ့
အာ့မှာ စဉ်းစားပီလေ ငါဒီ Firmware တင်လဲ Dead ဖ်ု့ ကျိန်းသေနေပီလေ
#တခြားမှာ ရှာကြည့်ပေမယ့် ရေရေ ရာရာ မရှိတာနဲ့ ဒီFirmware ပဲ Down ဖို့ ဆုံးဖြတ် လိုက်တယ်
#နည်းရှိတယ်လေ ကျွန်တော့်ရဲ့ Dead မသွားအောင် တင်နည်း ကို အားကိုးတာပေါ့
#ဟုတ်ပီ Plan ဝယ်ပီး စ Down ပီပေါ့
အာ့ချိန်မှာ ကျွန်တော် Tablet ကို Full Backup ထုတ်ပါပြီ
အာ့မှာ ပြသနာက စပီ
boot . uboot. preloder အကုန် Backup ထုတ်တာ ပီးပေမယ့်
#Case file ရယ် .
System File ရယ် .
Userdata ရယ်
သုံးခု ကျန်သေးတယ်
#Case File မှာ Error တက်သွားတယ်
ဟုတ်ပီ Case File က ဘာလုပ်မလဲ သိပ်အသုံး မဝင်ပါဘူးး
ဒါကြောင့် Backup File ထဲက Case ကို Delete လုပ်ပလိုက်ပါတယ်
#Rename လုပ်ပြီ Ak လို့ကျွန်တော် ပေးလိုက်ပါတယ်
#နောက်တစ်ခါ Backup ထပ်ထုတ်မယ်
ခုတစ်ခါက Case file ကို ချန်ထားပီး System ရယ် Userdata ရယ်ကို ပဲ Backup တစ်ခါ ပြန်ထုတ်မယ်
#ဟုတ်ပီ ထုတ်တယ်
System file ပီးလို့ Userdata မှာ Error တက်သွားပြန်ရော
ဒါမယ့် အရေးကြီးတဲ့ System File ယူလိုက် နိုင်ပါပြီ
#Userdata က မယူလဲရ ပါသေးတယ်
ဒါကြောင့် နောက် backup ထုတ်တဲ့ System တစ် File ကို ပထမ ထုတ်ထားတဲ့ Backup File ကျွန်တော်ပေးထားတဲ့ Ak ဆိုတဲ့ File ထဲကို ဒုတိယ Backup ထုတ်ထားတဲ့ System File ကို သွားထည့်ပါမယ်
ဒါဆို Backup File ရပီပေါ့
=============================
#Firmware File ကလဲ Down တာ ပီးသွားပီ တဲ့
ဟုတ်ပီ Down လို့ရလာတဲ့ Zip ကို ဖြည်လိုက်မယ်
အထဲမှာ ပါလာမယ်ပေါ့
- boot
- uboot
- preloder
- scatter
- NVRM
- System
- userdata ပေါ့
#ကျွန်တော် New Folder တစ်ခု ဆောက်လိုက်မယ် Name ကိုတော့ Flash လို့ပဲပေးလိုက်မယ်
#ကျွန်တော် အရင်ဆုံး Backup လုပ်ထားတဲ့ File ထဲက system File ကလွဲရင် ကျန်တာ Copy ယူပါမယ်
** နည်းနည်း ကြားဖြတ် ပြောအုန်းမယ်**
Ph တစ်လုံးး Logo လည်ပြီး Firmware ကျနေရင် များသော အားဖြင့် System ပိုင်း ပျက်ဖို့များပါတဟ်
#Vious ကိုက်ရင်လဲ System ပိုင်း ပဲပျက်ပါတယ်
*************
#ပြောချင်တာက Backup ထုတ်ထားတဲ့ File ထဲက System .bin နဲ့ Userdata ကလွဲရင်
ကျန်တာ အကုန် Flash ဆိုတဲ့ File အသစ်ထဲကို Copy ကူးထည့်မယ်
#နောက်တစ်ခါ Down လို့ရထားတဲ့ Firmware File ထဲက System .bin ရယ် / Userdata bin ရယ် / Scatter file ရယ် ကို Copy ကူးပီး Flash ဆိုတဲ့ Folder ထဲ ကူးထည့်မယ်
#ဒါဆို Firmware တင်ဖ်ု့ Ready ဖြစ်နေတဲ့ Flash ဆိုတဲ့ Firmware Folder ရပါပြီ
==========================
#ဒါဆို မယားငယ် နဲ့ တင်လို့ ရပီပေါ့ဗျာ
ဘာမှ Dead စရာလဲ မလိုတော့ဘူးး
#boot. uboot. preloader အကုန်လုံးက ဖုန်းရဲ့ Backup file တွေ
ခုက System နဲ့ Userdata ပဲဆိုတော့
ဖုန်း Dead မှာ Lcd . ဖွေးမှာ ဘာညာ ကြောက်စရာ မလိုတော့ဘူးပေါ့
#ဆရာတွေ ခဏ ခဏ ပြောပါတယ် firmware တင်ရင် Boot. uboot. ဖြုတ်ရေး / ဒါမှ မဟုတ် System နဲ့ Userdata ပဲရေးလို့ ပြောကြပါတယ်
#ကျွန်တော် တစ်ခု ထပ်ဖြည့်ကြည့်မယ်
NVRM ဆိုတဲ့ bin ပါဖြုတ်ရေး imei Null တာတို့ Invalid ဖြစ်တာတို့ မဖြစ်တော့ပါဘူးးဒ
#ကျွန်တော် ပြောတာ ရှည်သွားတယ်ဗျာ
အဓိကကတော့ Clone Firmware တွေရှာရင် board id နဲ့ Mircle info နဲ့ တိုက်ရှာကြတယ်
ဟုတ်ပါပြီ အမြဲတမ်း id တူတာကြီး မတွေ့နိုင်ပါဘူး / ရှာတာလဲ ကြာမှာပေါ့
#ခုက id တူစရာမလိုဘူးး Model တူရင် ပီးရောလေ System တစ် File ထဲ ယူမှာလေ
ဒါကြောင့် Model တူရင် Down သာဒေါင်း ပီးရင် Backup ထုတ်
#ထုတ်လို့ရတဲ့ အထဲက System File ပဲ ဖျက် ပီး
#Down လို့ရတဲ့ အထဲက System တစ်ဖိုင်ပဲ ထည့်
ပေါင်းလို့ရတဲ့ File တင်
ဘာ id မှ တူစရာမလိုဘူးး
#တကယ်တော့ သိတဲ့ ဆရာတွေအတွက် ဘာမဟုတ်ပါဘူးး
ခုမှ စတဲ့ ညီအစ်ကိုတွေအတွက် အထောက်အကူ ရအောင် ရည်ရွယ်ပြီး ရေးခြင်းပါ
#အမှားပါရင်တော့ ဆရာများ ခွင့်လွှတ်ကြပါ
#ကျွန်တော် ကိုယ်တိုင် Clone Phone များကို Backup file နဲ့ Download File ပေါင်းပြီး ရေးလို့ အတော် များများ အဆင် နေသောကြောင့် အားလုံး အဆင်ပြေအောင် Post ရေးပေးရခြင်းပါ
တကယ်တော့ ဘာမှ မဟုတ်ပါဘူး
#ပီးပြောပါရစေ ကျွန်တော်သုံးနေတဲ့ နည့်မလို့ ဆရာတွေရဲ့ နည်းတွေနဲ့ ဆန့်ကျင်ဘက် / မဖြစ်စလောက် ဖြစ်နိုင်ပါတယ်
#သို့သော် ကျွန်တော် အဆင်ပြေသောကြောင့် ကျွန်တော် ဒီနည်းကို ယုံယုံကြည်ကြည် ဆက်သုံးပါမယ်
#Arkar

1 comment:

  1. Backup ထုတ်ထားတဲ့ Firmware လေး မျှပေးပါလား

    ReplyDelete