Friday 4 March 2016

html code ​နား​မ​လည်​ဘဲ Blog template ​တစ်​ခု​ချင်း​စီ​ကို ​မိ​မိ​စိတ်​ကြိုက်​ပြောင်း​နည်း


 ကျွန်​တော်​ဒီ​နေ့ ​အ​လွယ်​ဆုံး​နည်း​နဲ့ ​ဘ​လောက် template ​ကို​ပြောင်း​ပုံ​ပြောင်း​နည်း ​လေး​ပြော​ပြ​ပါ့​မယ်.. ​ဒီ​နည်း​လေး​ကို ​ကျွန်​တော်​ရေး​ရ​ခြင်း​ရည်​ရွယ်​ချက်​က​တော့ ​သူ​ငယ်​ချင်း​တော်​တော်​များ​များ​ဟာ ​ကို့​ရဲ့ ​ဘ​လောက်​လေး​ကို ​သူ​များ​ဘ​လောက်​တွေ​လို ​အ​ရမ်း​လှ​ချင်​ကြ​တယ်၊ ​ဒါ​ပေ​မယ့် html ​အ​ကြောင်း ​သိပ်​ပြီး​နား​မ​လည်​ကြ​တာ​ကြောင့် ​သူ​များ​ရေး​ထား​ပြီး​သား blog template ​များ​ကို​ပဲ ​သုံး​ကြ​ရ​တာ​ကို ​ကျွန်​တော်​တွေ့​မြင်​နေ​ရ​တာ​ကြောင့်​မို့​လို့. ​အ​ကောင်း​ဆုံး​နဲ့ ​အ​လွယ်​ကူ​ဆုံး​နည်း​လေး​နဲ့ ​ဘ​လောက် template ​ပြောင်း​နည်း​ကို ​တင်​လိုက်​ရ​တာ​ဖြစ်​ပါ​တယ်။ ​ဒီ​နည်း​လေး​ဟာ ​အ​ရမ်း​ကို​လွယ်​တယ်​ဆို​ပေ​မယ့် ​ကို​လို​ချင်​တဲ့ ​ဘ​လောက်​ပုံ​စံ​လေး​ကို ​စိတ်​ကူး​ထဲ​က​အ​တိုင်း ​ပုံ​ဖော်​ပြီး ​ပြန်​ပြင်​ဖို့​အ​တွက် ​လုံ​လောက်​တာ​ကြောင့် ​ဖတ်​သူ ​သူ​ငယ်​ချင်း​များ​ကြေ​နပ်​အား​ရ ​လိမ့်​မယ်​လို့ ​မျှော်​လင့်​မိ​ပါ​တယ်။ ​ကျွန်​တော့်​ဘ​လောက်​လေး​ကို​လည်း ​အဲ့​ဒီံ​နည်း​လေး​နဲ့​ပဲ ​လုပ်​ထား​တာ​ပါ။ ​ဘယ် blogger ​များ​မှ ​ဒီ template ​ပြောင်း​နည်း​လေး​ကို ​မ​ရေး​ပေး​သေး​လို့ ​တင်​လိုက်​တာ​ပါ။ ​သိ​ပြီး​သား​ဆို​ရင်​တော့ ​ကြို​ပြီး​တောင်း​ပန်​ထား​ပါ​ရ​စေ ​မ​သိ​သေး​တဲ့​သူ​များ​အ​တွက် ​ရည်​စူး​ထား ​ပါ​ကြောင်း၊ ​နှာ​ခေါင်း​မ​ရှုံ​ကြ​ရန်​ကို​ပါ ​ထပ်​လောင်း​ပြီး​တော့​ပြာ​ထား​ပါ​ရ​စေ။ ​ကဲ​ပြောင်း​နည်း​လေး​ကို ​စ​လိုက်​ကြ​ရ​အောင်​လား​ဗျာ.​အ​ရင်​ဦး​ဆုံး​ကျွန်​တော်​တို့ ​စိတ်​ကူး​ထဲ​က​အ​တိုင်း ​ပြု​ပြင်​ဖို့ ​အ​ဆင်​သင့်​လုပ် ​ထား​ပြီး​သား ​ဘ​လောက်​ပုံ​စံ​လေး​တွေ​ကို ​လိုက်​ရွေး​ပါ့​မယ်။ ​အ​ကောင်း​ဆုံး free ​ရ​မယ့် ​ဘ​လောက်​လိပ်​စာ​များ​ကို​လဲ ​တစ်​လက်​စ​တည်း​တင်​ပေး​လိုက်​ပါ​တယ်။ ​ပ​ထ​မ​ဦး​ဆုံး adobe photoshop ​ကို​တော့ ​စာ​ဖတ်​သူ​ရဲ့ PC ​မှာ​ကြို​ပြီး​တော့ ​တင်​ထား​ဖို့​လို​ပါ​တယ်...

 မိ​မိ​လို​ချင်​တဲ့ template ​ပုံ​စံ​မျိုး​ကို ​အ​ရင်​ဦး​ဆုံး download ​လုပ်​ပြီး ​တင်​ထား​လိုက်​ပါ ... ​လို​ချင်​တဲ့ ​ပုံ​စံ​မျိုး​ဆို​တာ​က
( ​ဥ​ပ​မာ - side bar ​နှစ်​ခု ​ဘယ်​တစ်​ခု​ညာ​တစ်​ခု (​သို့) header ​အ​နေ​အ​ထား ​ကောင်း​မ​ကောင်း ​စ​သည်​ဖြင့်​ပေါ့​လေ .. ​နောက်​ခံ​တွေ ​လှ​သည်​ဖြစ်​စေ
မ​လှ​သည်​ဖြစ်​စေ ​အ​ရေး​မ​ကြီး​ပါ​ဘူး .. ​အ​ဓိ​က​က​တော့ ​သူ​ပေး​ထား​တဲ့ ​ပုံ​စံ​လေး
 ကို ​ကြိုက်​မ​ကြိုက်​ရွေး​ပြီး၊ ​ကြိုက်​တာ​နဲ့ ​မိ​မိ​ဖာ​သာ ​မိ​မိ ​ပြန်​လည်​ပြု​ပြင်​မှာ​ဖြစ်​တဲ့​အ​တွက် ​ပုံ​စံ​ကို​ပဲ ​ရွေး​ပါ ... ​နောက်​ခံ​က ​ကို​လို​ချင်​တဲ့ ​ပုံ​စံ​အ​မျိုး​မျိုး​နှင့်
 ကျန်​တာ​ကို ​တစ်​ခု​ချင်း​စီ ​ပြု​ပြင်​သွား​ပေး​ပါ့​မယ် ... ​အား​လုံး​က​တော့ ​ဒီ​နည်း​အ​တိုင်း ​ပြု​ပြင်​သွား​လိုက်​ပါ ​အ​ကောင်း​ဆုံး​ဆို​တဲ့ ​ဘ​လောက်​လေး​တစ်​ခု
 ဖြစ်​လာ​ပါ​လိမ့်​မယ် .. ​ကျွန်​တော်​ကိုယ်​တိုင်​တောင်​မှ ​ပြန်​ပြီး ​စိတ်​ကြိုက်​မ​ပြင်​နိုင်​သေး​ဘူး .. ​အ​လုပ်​တွေ​နဲ့​ချည်း​ပဲ ​လုံး​ချာ​ပတ်​ချာ​လည်​လိုက်​နေ​တာ​နဲ့​လေ ..
 ကဲ ​ပ​ထ​မ​ဦး​ဆုံး ​ဘ​လောက်ဂ်​တစ်​ခု​ရဲ့ ​အ​ရေး​အ​ကြီး​ဆုံး ​အ​လှ​အ​ပ​နေ​ရာ​မှာ​ပါ​တဲ့ Header ​ကို ​အ​ရင်​ဦး​ဆုံး ​ပြင်​လိုက်​ကြည့်​ရ​အောင်​ဗျာ ...
ကဲ ​ဆော့ဖ်​ဝဲလ်​နဲ့ ​ရေ​လိုင်း​ပုံ​စံ​မျိုး​လေး​လုပ်​တဲ့ software ​လေး​ကို ​ကို​သံ​လုံ​ငယ်​ဆီ​က​နေ ​ရ​လာ​တာ​ပါ ....
လင့်​က ​ဒီ​မှာ ​ပါ ...
တင်​ပုံ​တင်​နည်း​က​တော့ ​ကျွန်​တော် ​ပုံ​တွေ​နဲ့ ​ရှင်း​လင်း​ပြ​ထား​ပါ့​မယ် .. ​တင်​စ​ရာ​တွေ​တော့ ​အ​များ​ကြီး​ရှိ​ပါ​တယ် ...
တစ်​ဖြည်း​ဖြည်း​ချင်း​စီ​တင်​သွား​ပါ့​မယ်...

 ပ​ထ​မ​ဦး​စွာ ​မိ​မိ​ရေး​ထား​ပြီး​သား blog template ​တစ်​ခု​ကို ​တင်​လိုက်​ပါ ... ​တင်​ပြီး​ပြီ​ဆို​ရင်​တော့ ​တင်​ထား​ပြီး​သား​ပုံ​ကို ​ပြန်​ကြည့်​လိုက်​ပါ ..
 ကို​မ​ကြိုက်​တဲ့ ​နေ​ရာ​တွေ​ကို ​တစ်​နေ​ရာ​ချင်း​စီ​လိုက်​မှတ်​ထား​ပါ .. ​ဘယ်​နေ​ရာ​မှာ​လဲ​ဆို​တာ​မျိုး​ပေါ့ .. ​ဥ​ပ​မာ - header ​လေး​ကို ​ပြန်​ပြင်​ချင်
 တာ​လား .. ​ဒါ​မှ​မ​ဟုတ်​ရင် Menu Bar ​ကို​လား .. ​ဒါ​မှ​မ​ဟုတ်၊ Background ​ပုံ​စံ​ကို​ပြောင်း​မှာ​လား၊ ​ဒါ​မှ​မ​ဟုတ် Side Bar ​ပုံ​စံ​လေး​ကို​လား ..
 အ​စ​ရှိ​သ​ဖြင့်​ပေါ့​လေ .. ​ကို​ပြောင်း​ချင်​တာ​တွေ​ကို ​အ​ရင်​ဦး​ဆုံး ​ကြည့်​လိုက်​ပါ ..​ပြီး​ရင် ​ပုံ​မှာ​ပြ​ထား​သ​လို ​ဆက်​သွား​လိုက်​ကြ​ရ​အောင် ...
 ကျွန်​တော် ​အ​ရင်​ဦး​ဆုံး header ​ပြောင်း​ပုံ​ပြောင်း​နည်း​လေး​ကို ​လုပ်​ပြ​ပါ့​မယ် .. ​နောက်​ရက်​အား​တာ​နဲ့ ​တစ်​ခြား​က​ဏ္ဍ​တွေ​ကို​ပါ
ဆက်​လက်​ပြီး ​ပို့စ်​တင်​သွား​ပေး​ပါ့​မယ် .. ​တစ်​ခု​ကို ​နား​လည်​သွား​ရင်​တော့
နောက်​တစ်​ခု ​လုပ်​ရ​ဖို့ ​လွယ်​ကူ​သွား​ပါ​ပြီ ....
Image Hosted by ImageShack.us

 အ​ခု​ပ​ထ​မ​ဦး​ဆုံး ​ကျွန်​တော် template ​တစ်​ခု​ကို ​ယူ​ပြီး ​တင်​လိုက်​ပြီ​ပေါ့​ဗျာ .. ​အ​ခု​မြင်​နေ​ရဲ့ template ​လေး​မှာ header ​ပိုင်း​လေး​ကို ​မ​ကြိုက်​ဖူး​ဗျာ .. ​အဲ့​တော့ change ​ကြည့်​လိုက်​ကြ​ရ​အောင် ..

(၁) ​ပုံ​မိ​မိ Blog ​လေး​ကို ​ဖွင့်​လိုက်​ပါ ..

 မိ​မိ​လို​ချင်​တဲ့(​ပြောင်း​ချင်​တဲ့) header ​အ​ဟောင်း​မူ​ရင်း​ပုံ​စံ​လေး​ကို right click ​နှိပ်​လိုက်​ပါ ... save background as ​ကို ​နှိပ်​လိုက်​ပါ ​အောက်​ပါ​အ​တိုင်း​ပေါ်​လာ​ပါ​လိမ့်​မယ် ..


ပေါ်​လာ​တဲ့​အ​ထဲ​မှာ​မှ ​အ​ခု​မြင်​နေ​ရ​တဲ့ ​မှင်​နီ​နဲ့​တား​ပြ​ထား​တဲ့ ​နေ​ရာ​က file name ​ကို copy ​ကူး​လိုက်​ပါ ....


ကဲ ​ပြီး​ပြီ​ဆို​ရင်​တော့​ဖြင့် layout >> edit html ​ကို ​သွား​လိုက်​ပါ .



 ပြီး​ရင်​တော့ ​ပေါ်​လာ​တဲ့ (ctrl + f) ​ကို ​တွဲ​ပြီး​နှိပ်​လိုက်​ပါ ​အောက်​ပါ​အ​တိုင်း find ​ဆို​တဲ့ ​အ​ကွက်​လေး​ပေါ်​လာ​ပါ့​မယ် ..


ပေါ်​လာ​တဲ့​အ​ကွက်​လေး​ထဲ​မှာ ​ယ​ခင်​က ​ကူး​ထား​တဲ့ (file name) ​ကို ​အ​စား​သွင်း​ပြီး Next ​ကို​နှိပ်​လိုက်​ပါ ..
အောက်​ပါ​ပုံ​လေး​အ​တိုင်း ​ကော်​ပီ​ကူး​ထား​တဲ့ ​စာ​သား​များ​ကို ​တွေ့​မြင်​ရ​မှာ​ပါ ... ​၎င်း​စာ​သား​များ​ထဲ​မှ ' http://...../ ​တစ်​ခု​ခု​ပေါ့ ​အဲ့​လို http:// ​နှင့် ​စာ​ကြောင်း​တစ်​ကြောင်း​လုံး​ကို ​ကော်​ပီ​ကူး​လိုက်​ပါ .. ' ​ကူး​ရန် ' ​အ​ဖွင့်​နှင့်​အ​ပိတ်​ကော်​လံ​နှစ်​ခု​ကြား​ထဲ​က http:// ​ကို​သာ ​ကူး​ရ​မှာ​ပါ .. ​ကော်​လံ​နှစ်​ခု ​မ​ပါ​စေ​ရ​ပါ​ဘူး ...
 ပြီုး​ရင်​တော့ ​ကော်​ပီ​ကူး​ထား​တဲ့ ​လိပ်​စာ​လေး​ကို ​အောက်​ပါ​အ​တိုင်း address bar ​မှာ​ရိုက်​ကြည့်​လိုက် ​ကို​ပြောင်း​ချင်​ပါ​တယ်​ဆို​တဲ့ ​ပုံ​စံ​အ​ဟောင်း header ​ပုံ​စံ​လေး​ကို ​မြင်​တွေ့​ရ​မှာ​ပါ ...
header ​ဆို​တာ ​သေ​ချာ​အောင်​လို့​ပြန်​ကြည့်​တာ​ပါ .. ​သေ​ချာ​ပြီ​ဆို​ရင်​တော့ ​အဲ့​ကောင်​ကို save as ​နဲ့ ​တစ်​နေ​ရာ​ရာ​မှာ ​သိမ်း​ပြီ adobe photoshop ​နဲ့​ဖွင့်​ပါ့​မယ် ...
ကဲ​ပွင့်​ပြီ​ဆို​ရင်​တော့ ​မှင်​နီ​နဲ့​ပြ​ထား​တဲ့ rectangular marquee tool ​နှိပ်​ပြီး Ctrl + A ( select all) ​နှိပ်​လိုက်​ပါ ​ပြီး​လျှင် ctrl + c (copy) ​ပါ ... ​ပြီး​ရင်​တော့ ctrl +n (new) ​ကို ​သွား​လိုက်​ပါ ​ပေါ်​လာ​တဲ့​အ​ကွက်​ကို ​ဘာ​တစ်​ခု​မှ ​မ​ပြင်​ပဲ​နှင့် enter ​ကို ​နှိပ်​လိုက်​ပါ .. layer ​အ​သစ်​တစ်​ခု (​ဗ​လာ​ချည်း​သက်​သက်) ​ပေါ်​လာ​ပါ​လိမ့်​မယ် . ​အဲ့​ဒီ့​အ​ကွက်​ဟာ ​ဟိုး​အ​ရင် ​ပုံ​စံ​အ​ဟောင်း Header ​နှင့် ​ဆိုက်​အ​တူ​တူ​ပါ​ပဲ .. ​အဲ့​ဒီ့​တော့ ​ယ​ခု​ပေါ်​လာ​တဲ့ layer ​အ​သစ်​လေး​ထဲ​မှာ ​ကို​လို​ချင်​တဲ့ ​ပုံ​စံ​မျိုး​နှင့် ​ဒီ​ဇိုင်း​တွေ​ကို ​လုပ်​လိုက်​ပါ ... ​ကျွန်​တော်​က​တော့ ​မ​နေ့​က​လေး​တင်​ပဲ ​လုပ်​ထား​လိုက်​တယ် ..
 ပုံ​စံ​က​တော့ ​မိုက်​ဖူး​ပေါ့​ဗျာ .. ​ဒါ​ပေ​မယ့် ​စမ်း​ပြီး​တော့ ​ပြောင်း​ပြ​တာ​ဆို​တော့ ​န​မူ​နာ​ပေါ့ .. ​သူ​ငယ်​ချင်း​တွေ​က​တော့ ​ကို​လို​ချင်​တဲ့ ​ပုံ​စံ​မျိုး ​အ​မျိုး​မျိုး​လုပ်​ကြ​ပေါ့​ဗျာ .. ​ဟုတ်​ဖူး​လား ..


အ​ခု​လို​လုပ်​ပြီး​သွား​ပြီ​ဆို​ရင်​တော့ ​ဖြင့် ​အဲ့​ဒီ့ ​ပုံ​လေး​ကို .Gif ​နှင့်​သိမ်း​လိုက်​ပါ ... .jpeg ​နှင့်​မ​သိမ်း​ဖို့​တော့ ​အ​ထပ်​ထပ်​သ​တိ​ပေး​လိုက်​ပါ​တယ် .. ​ဘာ​ဖြစ်​လို့​လဲ​ဆို​ရင် .jpeg ​နှင့် ​က​ပုံ​တွေ ​ပေါ်​တော့​ပေါ်​တယ် ​ကို​ပြင်​ထား​တာ​က ​ပုံ​က​လှ​လှေ​လး ​ဝဘ်​ဆိုက်​မှာ​ပေါ်​မှာ​က ​ပေ​တိ​ပေ​စုပ်​နဲ့ ​ဝါး​နေ​လိမ့်​မယ် .. .gif ​နှင့်​သိမ်း​ပြီး ​တစ်​နေ​ရာ​ရာ​မှ ​သိမ်း​ထား​လိုက်​ပါ ..
 ပြီး​ရင်​တော့ ​ကို​သံ​လုံ​ငယ်​ဆီ​က ​ရ​ထား​တဲ့ ​ဆော့ဖ်​ဝဲလ်​လေး​ကို download ​လုပ်​လိုက်​ပါ ... ​မ​ရှိ​သေး​ဘူး​ဆို​ရင်​တော့ ​ဒီ​မှာ​ပါ http://ifile.it/c5o1jei
ပြီး​ရင်​တော့ ​စမ်း​ကြည့်​လိုက်​ပါ .. ​အ​ဆင်​ပြေ​ပါ​လိမ့်​မယ် ​သိမ်း​တဲ့​အ​ခါ​ကျ​ရင် .gif ​နဲ့​ပဲ ​ပြန်​သိမ်း​ပေး​ပါ ..
 ရ​လာ​တဲ့​ဖိုင်​လေး​ကို ​ကို​ကြိုက်​တဲ့ hosting ​ဆိုက်​တစ်​ခု​ခု​မှာ​တင်​လိုက်​ပါ ​တင်​ပြီး​ရင် ​ရ​လာ​တဲ့ direct link ​လေး​ကို ​ကော်​ပီ​ကူး​ပြီး html ​အ​ကွက်​ထဲ​က (​ပုံ-၅) ​ထဲ​က http:// ​နှင့်​စ​တဲ့ ​လိပ်​စာ​ကို delete ​ပေး​ပြီး ​ယ​ခု​တင်​လိုက်​တဲ့ direct link ​လိပ်​စာ​ကို ​အ​စား​သွင်း​လိုက်​ပါ ​ပြီး​ရင်​တော့ save template ​ကို ​နှိပ်​လိုက်​ပါ .. ​အို​ကေ​သွား​ပါ​လိမ့်​မယ် ...
 နောက်​ဆုံး​တစ်​ခု​က​တော့ ​အဲ့​ဒီ့ direct link ​လေး​ကို​ပဲ ​အောက်​မှာ​ရှိ​နေ​တဲ့ Layout >> page element >> (Head) ​ရဲ့​န​ဘေး​က Edit ​ဆို​တာ​ကို ​နှိပ်​လိုက် direct link ​လေး​ကို web ​အ​ကွက်​လေး​ထဲ​မှာ ​ထည့်​လိုက်​ပါ.. ​အောက်​ပါ​ပုံ​လေး​အ​တိုင်း​ပေါ်​လာ​ပြီ​ဆို​ရင်​တော့ save ​လိုက်​ပါ​တော့ ..



ကဲ​ပြီး​သွား​ပြီ​ဆို​တဲ့ ​ပြောင်း​ထား​တဲ့​ပုံ​လေး​ပါ ...
Free Image Hosting at www.ImageShack.us

 အ​ခု​ရေး​တာ​က ​လတ်​တ​လော header ​လေး​ကို ​ပြင်​နည်း​လေး​ပါ .. ​ဒီ​ပို့စ်​ရေး​နေ​တာ ​မ​ပြီး​သေး​ပါ​ဘူး .. ​လို​အပ်​တဲ့ ​ဓါတ်​ပုံ​တွေ​နဲ့ ​ပို​ပြီး​ရှင်း​သွား​အောင် ​ပြင်​ဆင်​ပါ​ဦး​မယ် .. ​အ​ခု​အ​နေ​အ​ထား​နဲ့​လဲ photoshop ​နား​လည်​ပြီး template ​ပြောင်း​တတ်​တဲ့​သူ​ဆို​ရင်​တော့ ​လုပ်​တတ်​မှာ​ပါ .. ​ကျွန်​တော်​အ​ဓိ​က​ရည်​စူး​ထား​တာ​က ​အ​ခု​မှ ​စ​ပြီး​လေ့​လာ​တဲ့ ​ဘ​လောက်​ညီ​အစ်​ကို၊ ​မောင်​နှ​မ​များ ​အ​တွက်​ရည်​စူး​ပြီး ​ရေး​တာ​ဖြစ်​တဲ့​အ​တွက်​ကြောင့် ​ကျွန်​တော့်​ပို့စ်​လေး​ကို ​ကျွန်​တော် ​ပြန်​ဖတ်​ပြီး ​မ​ကြေ​နပ်​သေး​ရင် ​အ​သေး​စိတ်​ပြန်​ရေး​ပြီး ​ပြန်​ပြင်​ပေး​ပါ​ဦး​မယ် .. ​ကျွန်​တော် body ​အ​ပိုင်း​နဲ့ ​တစ်​ခြား​အ​ပြင်​အ​ဆင်​တွေ​အ​ကြောင်း​ကို ​ရေး​သား​ပါ​ဦး​မယ် ... ​ဘာ​မှ​မ​ပူ​ပါ​နဲ့ ​ရှိ​သ​မျှ​ဘ​လောက်​လေး​ကို ​စိတ်​ရှိ​တိုင်း ​ဗျောင်း​ဆန်​အောင် ​ပြင်​ဆင်​လို့​ရ​အောင်​အ​ထိ​ကို ​ပို့စ်​တင်​ပါ​ဦး​မယ် ... ​အဲ​တစ်​ခု​တော့​ရှိ​တာ​ပေါ့​ဗျာ .. photoshop ​ကို​တော့ ​ကိုယ့်​ရဲ့ ​ကွန်​ပျူ​တာ​မှာ ​တင်​ထား​ဖို့​လို​ပါ​တယ် .... ​ဒါ​ဆို​ရင်​တော့ ​စိတ်​ကြိုက်​မွှေ​လို့​ရ​ပါ​ပြီ ...

0 comments:

Post a Comment